သွေးတွင်း ကိုလက်စထရောကို ကျဆင်းစေတဲ့ အစားအစာများ
သွေးတွင်းမှာ အကျိုးပြုတဲ့ ကိုလက်စထရောရယ် အကျိုးမပြုတဲ့ ကိုလက်စထရောရယ်ဆိုပြီး ရှိပါတယ်။ အကျိုးမပြု ကိုလက်စထရော များနေတာက ခန္ဓာကိုယ် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သွေးထဲက ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ကိုလက်စထရောတွေကို ကျဆင်းစေဖို့ ဘာတွေများ စားပေးဖို့လိုမလဲဆိုတာကို ဆက်ကြည့်လိုက်တော့နော်။
ကိုလက်စထရောကျစေတဲ့ အစားအစာများက ဘာတွေများလဲ?
သွေးထဲက အဆီတွေ ကျဆင်းစေဖို့ နေ့စဉ် စားသုံးမှုမှာ ဒါတွေ ထည့်ပြီး စားပေးဖို့ လိုပါမယ်။
ပဲအမျိုးမျိုး - ပဲအမျိုးမျိုးက ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအစာ တစ်မျိုးပါ။ အစာအိမ်နဲ့ အူလမ်းကြောင်း ကျန်းမာစေဖို့ရော အဆာခံနိုင်စေဖို့ရော လုပ်ဆောင်ပေးနိုင်စွမ်း ရှိပါတယ်။ ဝိတ်ချချင်သူတိုင်း စားပေးလို့ ရပါတယ်။ သွေးထဲက အဆီကျစေဖို့ဆိုရင် ပဲအမျိုးမျိုးကို စားပေးပါ။
ခရမ်းသီး - ခရမ်းသီးက ကယ်လ်လိုရီ နည်းပြီး ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်တို့ ပါဝင်နေတာက သွေးထဲက အဆီတွေကို လျှော့ချပေးနိုင်ပါသတဲ့။
ရုံးပတီသီး - ရုံးပတီသီးကလည်း ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ် ပြည့်ပြည့်ဝဝ ပါဝင်နေပြီး ကယ်လ်လိုရီ ပါဝင်မှု နည်းတာကြောင့် သွေးထဲ အဆီမများအောင် ကာကွယ်ပေးပါတယ်။
အခွံမာသီးတွေ - လေ့လာမှုရလဒ်တွေအရ နေ့စဉ်စားသုံးမှုမှာ အယ်လ်မွန်စေ့၊ သစ်ကြားသီး၊ မြေပဲ၊ မက်ကာဒေးမီးယာ. စတာတွေကို ပါဝင်အောင် စားသုံးပေးမယ်။ တစ်နေ့တာကို အခွံမာသီး ၂ အောင်စ ပါဝင်အောင် စားသုံးပေးတတာက သွေးထဲက မလိုတဲ့အဆီတွေကို ဖြည်းဖြည်းချင်း ကျဆင်းစေနိုင်ပါတယ်။
ဟင်းသီးဟင်းရွက်ဆီ - ကာနိုလာဆီ၊ နေကြာဆီ၊ safflower ဆီနဲ့ အခြား ဟင်းသီးဟင်းရွက်တွေကနေ ရတဲ့ အဆီတွေက သွေးထဲက အဆီတွေကို လျှော့ချပေးနိုင်ပါတယ်။
ချဉ်တဲ့ အသီးတွေ - ပန်းသီး၊ စပျစ်သီး၊ စတော်ဘယ်ရီ နဲ့ အချဉ်ဓာတ်ပါတဲ့ အသီးတွေမှာ ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ် တစ်မျိုးဖြစ်တဲ့ pectin ပြည့်ပြည့်ဝဝ ပါဝင်နေတာက သွေးထဲက အဆီတွေကို လျော့ကျစေနိုင်ပါတယ်။
ထောပတ်သီး - ထောက်ပတ်သီးက အမျှင်ဓာတ် ပြည့်ဝစွာ ပါဝင်နေပြီး သွေးထဲက မလိုတဲ့ အဆီတွေကို ဖယ်ရှားပေးဖို့ ထောက်ကူပေးပါတယ်။
အဆီများတဲ့ ပင်လယ်ငါး - တစ်ပတ်ကို အဆီများတဲ့ ပင်လယ်ငါး ၂ ကြိမ် ကနေ ၃ ကြိမ် စားပေးတာက သွေးတွင်း အဆီတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။ အသားကို လျှော့စားပြီး ပင်လယ်ငါးတွေကို ပိုစားပေးတာကလည်း သွေးတွင်းအဆီကျစေဖို့ ထောက်ကူပေးနိုင်မှာပါ။
သွေးထဲမှာ အဆီနည်းအောင် ဂရုစိုက်တာက နှလုံးရောဂါ၊ လေဖြတ်တာလိုမျိုး ကျန်းမာရေးပြဿနာတွေ မဖြစ်အောင် ကြိုတင်ကာကွယ် လိုက်တာပါပဲ။
မွန်မွန်